မန္တလေး ၁၇  ဇွန် 

 

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် မိုးထိအောင်စည် သာသနာ့ရိပ်သာတွင်  သာသနာပြုစွမ်းရည်မြှင့်သင်တန်း အမှတ်စဉ်(၄)ကို ဇူလိုင် ၁၆ ရက် (ဝါဆို လပြည့်နေ့) မှစတင်၍ ၃ လကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါသင်တန်းတွင် ရဟန်းသံဃာတော်နှင့် သီလရှင်အပါး ၂၀ လက်ခံကာ ကွန်ပျူတာအခြေခံ၊ အင်္ဂလိပ်စာအခြေခံ၊ သင်္ချာအခြေခံနှင့် ကမ္မာကာမ၊ စာသင်တိုက် တည်ထောင်နည်း၊ တရားစခန်းဖွင့်လှစ်နည်းနှင့် တောင်တန်းသာသနာပြုနည်း စသည့် ဘာသာရပ်များကို အတွေ့ကြုံရှိ ဆရာတော်များ၊ လူပုဂ္ဂိုလ်များမှ ပို့ချဆွေးနွေး သင်ကြားပေးသွားမည်ဖြစ်သည်။

 

သင်တန်းသား အမည်စာရင်းများကို ဇူလိုင် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ပေးပို့ရ မည်ဖြစ်ပြီး ဖုန်း ဝ၉- ၇၉၇၇၈၃၃၀၆ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)