မန္တလေး ၂၀ ဖေဖော်ဝါရီ
နီပေါနိုင်ငံ ခရီးသွားနှစ်(၂၀၂၀)"Visit Nepal Year 2020" ကို ဖေဖော်ဝါရီ ၂၂ ရက်တွင် မန္တလေးမြို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI)မှ အထွေထွေအတွင်းရေးမှူး ဦဥက္ကာကျော်ထံမှ သိရသည်။
မြန်မာနှင့်နီပေါ ခရီးသွားလုပ်ငန်းတိုးမြှင့်ရေးအတွက် နီပေါနိုင်ငံသံရုံးနှင့် MRCCI တို့ ပူးပေါင်း၍ Visit Nepal Tourism Year 2020 ကို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ဖော်ကျူး လုပ်ဆောင်ခြင်းဖြစ်ပြီး ဖေဖေါ်ဝါရီ ၂၂ ရက် နံနက်၁၀နာရီတွင် MRCCI အသင်းရုံး၌ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး နီပေါနိုင်ငံသံအမတ်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြမည် ဖြစ်ကြောင်းနှင့် အခမ်းအနားတွင် နီပေါရိုးရာအကများဖြင့် တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ခရီးသွားလာမှုဆိုင်ရာ နီပေါနိုင်ငံ၏ ဆောင်ရွက်ချက်များကိုလည်းပြသသွားမည်ဖြစ်ကာ ယမန်နှစ်က နိပေါနိုင်ငံခရီးသွားနှစ်၂၀၁၉ကို ရန်ကုန်မြို့၌ပြုလုပ်ခဲ့ပြီး နီပေါနိုင်ငံ လုမ္ဗိနိဒေမှာ ဗုဒ္ဓမြတ်စွာဘုရားဖွားတော်မူရာဒေသများ၏ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တင်မောင်မန်းကိုယ်ပွား


