မန္တလေး၊  ၂၉ ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီးတွင်  နှစ်ဦးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက် မှ ၃ ရက်အထိ ညနေ ၃ နာရီတွင် မန္တလေးခရိုင်အတွင်းရှိ နေရာ ၁၀ နေရာ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ  သိရသည်။

နှစ်ဦးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ရာတွင် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ  မန္တလေးမြို့ရှိ စလင်းဝိဘဇ္ဇဝါဒီကျောင်းတိုက်မှ သံဃာတော်များ၊ အရှေ့ခင်မကန်တိုက် ကထိန်တော်ကျောင်းမှ သံဃာတော်များနှင့် ဓမ္မဓရဝါဆိုကျောင်းတိုက်မှ သံဃာတော်များက ဇန်နဝါရီ ၁ ရက်တွင် ချမ်းအေးသာစံ မြို့နယ် မန္တလေးဈေးချိုနာရီစင်၊ အောင်မြေသာစံမြို့နယ် မန္တလေးတောင်တော်၊ ချမ်းအေးသာစံမြို့နယ် လမ်း ၇၀ နှင့် ၇၁ လမ်းကြား မင်္ဂလာတံတားအနီး၊ ဇန်နဝါရီ ၂ ရက်တွင် ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားကြီး ဝန်းကျင်နှင့် ပြင်ဦးလွင်အတက် ဘိုးဘိုးကြီးနတ်နန်းအနီး၊ အမရပူရမြို့နယ် အိုးတော်ရပ်၊ သံလမ်းလမ်းဆုံ၊ မဟာအောင်မြေမြို့နယ် ဉပေစိဘုရားတောင်ဘက်နှင့် ဇန်နဝါရီ ၃ ရက်တွင် ပုသိမ်ကြီးမြို့နယ် ပုသိမ်ကြီးမြို့နာရီစင်၊ ရန်ကင်းတောင်ဘုရားအနီးနှင့် ပြည်ကြီးတံခွန်မြို့နယ် အင်းခရုဘုရားတို့တွင် ရွတ်ဖတ် ပူဇော်သွားဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ  တရားတော်များ နာယူကြည်ညိုနိုင်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)