မန္တလေး ၁၃ ဇန်နဝါရီ

 

အရှေ့တောင်အာရှ သံနှင့်သံမဏိအသင်းနှင့် မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းတို့ ပူးပေါင်း၍ သံနှင့် သံမဏိပစ္စည်းများ ထုတ်လုပ်တပ်ဆင် အသုံးပြုခြင်း နည်းပညာဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျော်မင်းက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ သံနှင့်သံမဏိလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌက နည်းပညာဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် မြန်မာနိုင်ငံ သံနှင့်သံမဏိ လုပ်ငန်းပညာရှင် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ  ဦးဌေးအောင်က သံနှင့်သံမဏိ ပစ္စည်းများ ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်းဆိုင်ရာ နိုင်ငံတကာနည်းစနစ်များနှင့် အသုံးပြုခြင်းတို့ကို ဗီဒီယိုဖြင့် ရှင်းလင်း ဟောပြောပြီး တက်ရောက်လာသော လုပ်ငန်းရှင်များ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြေကြားခဲ့သည်။  

               

မောင်ပြည်သူ(မန္တလေး)