နေပြည်‌တော် မေ ၁၈

 

မန္တလေးငလျင်ကြီးဘေးဒဏ်သင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများအတွက် အဘိဓမ္မဓရ အကယ်ဒမီခန့်စည်သူက စားသောက်ဖွယ်ရာများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

လှူဒါန်းပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် အလှူရှင် အကယ်ဒမီ ခန့်စည်သူနှင့်အဖွဲ့များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် အကယ်ဒမီခန့်စည်သူက ငွေကျပ်သိန်း နှစ်ရာတန်ဖိုးရှိ ဆန် ၂၄ ပြည် အိတ် ၅၀၊ ဆီ ၁၀ ပိဿာပုံး ၃၀၊ ရေသန့် ၂၀ လီတာဘူး ၁၀၀၊ ကုလားပဲ ပိဿာ ၆၀၊ ဆားအထုပ် ၂၀၀၊ ခေါက်ဆွဲ ခြောက် အထုပ် ၁၈၀ ပါ ၄၈ ဖာ၊ ငါးခြောက် ၂၅ ပိဿာတို့ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်