မန္တလေး   ၁၀  မတ်

ပြိုင်ပွဲကို တစ်သင်းနှင့် တစ်သင်း အပြိုင်အဆိုင် တိုက်ခိုက်ရသည့် Sumo Fight နှင့် ပစ္စည်းများကို တစ်သင်းနှင့် တစ်သင်းအပြိုင်အဆိုင် သယ်ယူပို့ဆောင် ရသည့် Transporter Bot ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြသည်။

“စက်ရုပ်နည်းပညာကို စိတ်ဝင်စားသူတွေများတယ်။ ကျောင်းပေါင်းစုံ ပြိုင်ပွဲတွေမှာဆို အများအားဖြင့် တစ်ကျောင်းကို တစ်သင်းစီပဲ ပြိုင်ခွင့်ရကြတာများပါတယ်။ အခုလို ကိုယ့်ကျောင်းမှာ ကိုယ်ပြိုင်လိုက်တော့ အခြားစိတ်ဝင်စားသူတွေပါ ပြိုင်နိုင်ပြီး ပြိုင်ပွဲအတွေ့အကြုံတွေရတယ်။ မေဂျာ ငါးခုက ကျောင်းသားတွေ ပြိုင်ကြတယ်။ Robort နည်းပညာကို စိတ်ဝင်စားကြတယ်။ ဒါကြောင့် ပြိုင်ပွဲမစခင်မှာ နည်းပညာမျှဝေပေးတဲ့ ကျောင်းသား ကလပ်တစ်ခု ထောင်ထားတယ်။ စိတ်ဝင်စားမှုများပြီး လာလေ့လာကြတယ်။ ဒီပွဲကို ပြုလုပ်လိုက်တဲ့အတွက် ဘယ်လောက် အကျိုးသက်ရောက်မှုရှိလဲဆိုတာကို သိရ ပါတယ်။ စက်ရုပ်နည်းပညာတွေ၊ ဒရုန်းနည်းပညာတွေက ဒီနှစ်ပိုင်း ပိုပြီး ထွန်းကားလာတယ်။ အမြဲတမ်းနည်းပညာ အသစ်အသစ်တွေ ရှိလာတယ်။ လူမလုပ်နိုင်တာတွေ၊ အန္တရာယ်ရှိတဲ့အရာတွေမှာလည်း စက်ရုပ်ကို အစားထိုး ပြုလုပ်လာတယ် ဒီနည်းပညာကပိုပြီး တွင်ကျယ်လာမှာပါ”ဟု ပြိုင်ပွဲစည်းမျဉ်းတာဝန်ခံ MTU ကျောင်းသား ပြည့်ထူးခန့်က ပြောသည်၊၊

“စက်ရုပ်ပြိုင်ပွဲရှိတယ်ဆိုတော့ အတွေ့အကြုံတစ်ခု ရချင်တာ။ ကျောင်းမှာ ပြိုင်ပွဲလေးလုပ်တုန်း ပရောဂျက်လေး တစ်ခုလုပ်ဖြစ်အောင်ဝင်ပြိုင်ခဲ့တာပါ။ ယောကျ်ားလေး တွေကတော့ ငယ်ငယ်ကတည်းက ဒီလိုကစားနည်းမျိုး တွေနဲ့ နီးနီးစပ်စပ်ရှိနေကြတယ်။ ညီမတို့ကျတော့ ငယ်ငယ်က ဒီလိုအလေ့အကျင့်မရှိခဲ့ဘူး၊ ပိုပြီးလေ့လာခဲ့ ရတယ်။ ညီမတို့အသင်းမှာဆို မိန်းကလေးသုံးယောက် ပြိုင်ခဲ့တာ။ မိန်းကလေးတွေဆိုတော့ ပရိုဂရမ် ရေးတာကအစ၊ ဆားကစ် ဆင်တာ၊ ဒီဇိုင်းအဆုံး အခက်အခဲတွေ ရှိခဲ့တယ်။ ပြိုင်ပွဲလေး လုပ်ပေးတာ အလွန်ဝမ်းသာတယ်။ အခွင့်အရေးတစ်ခု ရတာပါ၊ ပြိုင်ပွဲပြိုင်ရမှာဆိုတော့ ဒါကို တစိုက်မတ်မတ် လေ့လာပြီး လုပ်နိုင်ပါတယ်။ ကျောင်းသူ ကျောင်းသားတွေအတွက် အခွင့်အရေးတစ်ခုပါ” ဟု တတိယနှစ်ကျောင်းသူ မစုထူးရတနာက ပြောသည်။ အဆိုပါပြိုင်ပွဲတွင် မေဂျာ ငါးခုမှ အသင်း ၁၃ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဝေဖြိုးအောင်