မန္တလေး ၂၄ဩဂုတ်
မြန်မာ့ထွက်ကုန်သီးနှံဖြစ်သည့် ပဲဇီးကွက်နှင့် ထောပတ်ပဲများသည် ယခုတစ်ပတ်၏ မန္တဈေးကွက်ထဲတွင် ပုံမှန်အရောင်းအဝယ်ဖြစ်ပေါ်နေရာမှ တရုတ်နိုင်ငံက ဝယ်ယူမှုတွေရှိနေသည့်အတွက် အရောင်းအဝယ် သွက်လျက်ရှိသည်။
ပဲဇီးကွက်ပဲသည် ဇူလိုင်လပေါက်ဈေးထက် ကျပ်(၅၀၀၀)ခန့်မြင့်တက်လာပြီး (၃)တင်းဝင် တစ်အိတ်လျှင် (၅၇၀၀၀)ပေါက်ဈေးရှိပြီး၊ ထောပတ်ပဲသည်လည်း ယခင်ပေါက်ဈေးထက် အနည်းငယ်မြင့်တက်လာကာ (၃)တင်းဝင် တစ်အိတ်လျှင်(၅၆၀၀၀)ဈေးရှိကြောင်း စိုးဝင်းမြင့်ပွဲရုံမှ သိရှိရသည်။
#MRTV