မန္တလေး ၁၉ မတ်

 

မန္တလေးမြို့ရှိ ကေတီဗွီ၊စင်တင်၊ နိုက်ကလပ်နှင့် ဘားများကို ယနေ့ မတ်လ(၁၉)ရက်မှ စတင်ကာ ပိတ်သိမ်းထားရန် ညွှန်ကြားမည်ဟု မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

 

“ပိတ်ဖို့ ပြောပြီးပါပြီ။ ဒီနေ့ ညလောက်ဆိုရင် ပိတ်ရတော့မှာ”ဟု ဦးဇာနည်အောင်က ယနေ့ မတ်လ(၁၉)ရက်တွင် ကျင်းပသည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးအပြီးတွင် သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

 

5

 

တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သော ကူးစက်မှုနှုန်းမြန်ဆန်သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခြင်းအပါအဝင် လူစုလူဝေးဖြစ်ပေါ်နိုင်သည့် ကိစ္စရပ်များ မပြုလုပ်ကြရန် နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားပြီး ကိုယ်ပိုင်ကျောင်းများ၊ သင်တန်းများကိုပါ ပိတ်ပင်ရန်ညွှန်ကြားထားကြောင်း သိရသည်။

 

မန္တလေးမြို့တွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလူနာအဖြစ် ဆေးရုံတက်ရောက်ကုသသူ ၂၀ ကျော် ရှိသော်လည်း လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ မတွေ့ရသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဖြိုးအိ