မန္တလေးတောင်ခြေအနီးရှိ တန်ခိုးကြီးဘုရားများနှင့် သာသနိကအဆောက်အအုံများတွင် ဘုရားဖူးခွင့်နှင့် လာရောက်လည်ပတ်ခွင့် ယာယီပိတ်ထား

မန္တလေး ၃၁   မတ် 

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် မန္တလေးတောင်ခြေအနီးရှိတန်ခိုးကြီးဘုရားများနှင့် သာသနိကအဆောက်အအုံများတွင် ဘုရားဖူးခွင့်နှင့် လာရောက်လေ့လာလည်ပတ်ခွင့်ကို ယာယီပိတ်ထားကြောင်း ကျောက်တော်ကြီးဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

 

a

 

"မတ်လ ၃၀ ရက် နံနက်ပိုင်းကစပြီး ပိတ်လိုက်တာပါ၊ ကပ်ရောဂါအသွင်နဲ့ ဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးအတွက်နဲ့ ပြည်သူတွေ အန္တရာယ်ကင်းအောင်အတွက်ပါ၊ ဧပြီ ၃၀ ရက်အထိ ယာယီပိတ်ထားမှာပါ"ဟု ကျောက်တော်ကြီးဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်သင်းက ပြောသည်။

 

a

 

မန္တလေးတောင်ခြေအနီးရှိ တန်ခိုးကြီးဘုရားများဖြစ်ကြသော ကျောက်တော်ကြီး၊ စန္ဒာမုနိ၊ ကုသိုလ်တော်ဘုရားများနှင့် သာသနိက အဆောက်အအုံများဖြစ်သည့် ရွှေကျောင်းကြီး၊ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးတို့ကို မတ်လ ၃၀ ရက်နေ့မှစပြီး ဧပြီလ ၃၀ ရက်နေ့ထိ ဘုရားဖူးခွင့်နှင့် လာရောက်လေ့လာ လည်ပတ်ခွင့်များကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)