မန္တလေး  ၂၆  ဒီဇင်ဘာ

 

မန္တလေးတောင်ခြေလူငယ်များ စာကြည့်တိုက်အသင်းကို ပိုမိုသက်ဝင်လှုပ်ရှား လာစေရေးအတွက် ကော်မတီအင်အားတိုးမြှင့်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားတွင် မန္တလေးတောင်တော်ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးလှမြင့်က အမှာစကား ပြောကြားပြီး အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းဦးက စာကြည့်တိုက် ကော်မတီဖွဲ့စည်းခြင်းဆိုင်ရာများကို လည်းကောင်း၊ ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တွဲဖက်အတွင်းရေးမှူး(၁) ဦးစိုးနိုင်ဆွေတို့က ကော်မတီအသစ်ကို အင်အားတိုးကာ ပြန်လည်ဖွဲ့စည်းရခြင်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်များကို ရှင်းလင်း ပြောကြားကာ ကော်မတီအသစ်ကို ရွေးချယ်ဖွဲ့စည်းခဲ့သည်။

 

အဆိုပါ မန္တလေးတောင်ခြေလူငယ်များ စာကြည့်တိုက်အသင်းကို ၁၉၇၁ ခုနှစ်မှစတင်ကာ ဗမာ့ခေတ် သတင်းစာ ဦးအုန်းခင်နှင့် ဒေါ်ခင်ခင်လေးတို့က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရှင်သန်မှု အားနည်းလျက်ရှိသဖြင့် စာကြည့်တိုက် ကော်မတီအသစ်ကို ယခင်ကော်မတီအဟောင်းများနှင့်အတူ အင်အားတိုးဖွဲ့စည်းကာ  စာကြည့်တိုက် ရေရှည်ရှင်သန်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝေဖြိုးအောင်(ပြန်/ဆက်)