၁၉ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မန္တလေးတောင်တော် အတက်လမ်းအား နိုင်လွန်ကတ္တရာခင်းကျင်းခြင်းလုပ်ငန်းကို မကြာမီကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်၍ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ(၂၁)ရက်မှ စတင်ပြီး မန္တလေးတောင်တော် အတက်လမ်းအား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

 

ဘုရားဖူးမော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအနေဖြင့် တောင်အဆင်းလမ်းကိုသာ အတက်အဆင်းလမ်းကိုသာ အတက်အဆင်း အသုံးပြုကြရန် မန္တလေးတောင်တော် အတက်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့က အသိပေးကြေညာထားသည်။   

 

 သီဟကိုကို(မန္တလေး)