မန္တလေး ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရန် ထမင်းတစ်ဘူး ငါးရာကျပ်ဖြင့် ယနေ့တွင်မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးပြည်သူ့ဆေးရုံကြီးရှေ့တွင် ရောင်းချပေးသည်။
ထိုသို့ရောင်းချရာသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သံယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်သန်းနှင့် တာဝန်ရှိသူများက လာရောက်ကြည်ရှု့အားပေးကြသည်။
ယင်းသို့ရောင်းချခြင်းသည် ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန်အတွက် ရောင်းချခြင်းဖြစ်ပြီး ထမင်းတစ်ဘူးလျှင် ငါးရာကျပ်ဖြင့် ဘူးပေါင်း(၂၀၀)ကို ရောင်းချ ပေးခြင်းဖြစ်ကြောင်း၊ ထမင်းဘူးတွင် ထမင်း၊ ကြက်သားဟင်း၊ ချဥ်ပေါင်ကြော်၊ ငရုတ်သီးကြော်တို့ပါဝင်ကြောင်း၊ ယင်းသို့ရောင်းချပေးခြင်းကို မန္တလေးမြို့ပေါ် ၅ မြို့နယ် တွင် ဘူးပေါင်းတစ်ထောင်ကို ရောင်းချပေးခြင်းဖြစ်ပြီး လူစည်ကားရာ နေရာများတွင် ယနေ့မှစ၍ စနေ၊ တနင်္ဂနွေနေ့မှအပ နေ့စဉ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်