စဉ့်ကူး ၂၀ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်းကြီးဌာန ဝန်ကြီး ဦးမျိုးသစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် တာဝန်ရှိသူများသည် ဇူလိုင် (၁၉) ရက် ညနေ (၅)နာရီက စဉ့်ကူးမြို့နယ် တောင်အင်းကျေးရွာသို့ ရောက်ရှိပြီး ညောင်ပင်သာဘုန်းတော်ကြီးကျောင်းတွင် စဉ့်ကူးအမှတ် (၁) (၂) ရပ်ကွက်နှင့် တောင်အင်းကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်မှုတွင် တိုင်းဒေကြီးအစိုးရအဖွဲမှ ရေဘေးသင့်ပြည်သူတစ်ဦးလျှင် ကြက်ဥ(၇)လုံး၊ ခေါက်ဆွဲခြောက်ထုပ် (၇)ထုပ်၊ (၁)လီတာရေသန့်ဘူး (၄)ဘူးနှုန်းဖြင့် တောင်အင်းကျေးရွာ ရေဘေးသင့်ပြည်သူ (၄၀၉)ဦးနှင့် စဉ့်ကူးရပ်ကွက် (၁)ရှိ ရေဘေးသင့်ပြည်သူ (၁၇)ဦး၊ စဉ့်ကူးရပ်ကွက်(၂)ရှိ ရေဘေးသင့်ပြည်သူ (၅၀)ဦး၊ စုစုပေါင်း ရေဘေးသင့်ပြည်သူ (၄၇၆)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေ ၂၇၃၅ ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၃၀၁၈၆၀)အား ထောက်ပံ့ပေးအပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေ ရေဘေးသင့်ပြည်သူ (၁)ဦးလျှင် ကျပ် ၂၁၀ဝ နှုန်းဖြင့် တစ်မြို့နယ်လုံးရှိ ရေဘေးသင့်ပြည်သူ (၆၈၈) ဦးအတွက် ထောက်ပံ့ငွေကျပ် ၁၄၄၄၈၁၀ အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းဇော်ဦး(ပြန်/ဆက်)


