မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပ

မန္တလေး ၃၀  မတ် 

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ရေတံခွန်တောင် ဂေါက်ကွင်းတွင် ယနေ့နံနက် ၆ နာရီက ကျင်းပပြုလုပ်သည်။

 

ဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်နှင့် အထက်မြန်မာပြည် ဂေါက်သီးရိုက်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ကိုကိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ 

 

DSC08

 

ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဒေါက်တာရဲမွန်နှင့် အထက်မြန်မာပြည် ဂေါက်သီးရိုက်အဖွဲ့ချုပ် ဥက္ကဋ္ဌတို့က အဖွင့်ဂေါက်သီးများရိုက်၍ ဖွင့်လှစ်သည်။ ၎င်းနောက် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား ဂေါက်သီးရိုက် ပြိုင်ပွဲများအား ဆက်လက်ကျင်းပသည်။

 

အဆိုပါပြိုင်ပွဲအား မတ်လ ၃၀ ရက် မှ ၃၁ ရက်ထိကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲဝင်အသင်း(၄၄)သင်း မှ ဂေါက်သီးရိုက်အားကစားသမား(၁၇၆) ဦးတို့က ပါဝင် ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲ အား မတ်လ ၃၁ ရက် ညနေ ၆ နာရီတွင် အဆိုပါဂေါက်ကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။

 

ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အထက်မြန်မာပြည် ဂေါက်သီးရိုက်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ ဂေါက်သီးရိုက်အားကစားသမားနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်) 

 

DSC084