ကျောက်ဆည် ၁၄ ဧပြီ
ကျောက်ဆည်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ဧပြီ ၁၄ ရက် နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၏ ထောက်ပံ့ပေးအပ်သည့် ကျန်းမာရေးသုံးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများအား အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများအား ထပ်ဆင့် ထောက်ပံ့ပေးအပ်သည့်အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာခရိုင်းအုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော်က ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပစ္စည်းများအား ဝန်ထမ်းတစ်ဦးချင်းထံသို့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ ကျောက်ဆည်ခရိုင်တွင် မြို့နယ်(၄)မြို့နယ်နှင့်မြို့နယ်ခွဲ(၁)မြို့နယ်တို့ ပါဝင်ပြီးကျောက်ဆည်မြို့တွင် ဝန်ထမ်း (၁၁၉)ဦး၊ စဉ့်ကိုင်မြို့နယ်တွင်(၇၈)ဦး၊ တံတားဦးမြို့နယ်တွင် (၉၃)ဦး၊ မြစ်သားမြို့နယ်တွင် (၁၂၀)ဦး၊ ကူမဲမြို့နယ်ခွဲတွင် (၁၄)ဦးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် (၄၈)ဦး၊ စုစုပေါင်းဝန်ထမ်း(၄၇၂)ဦးရှိပြီး၊ ဝန်ထမ်းတစ်ဦးလျှင်ဆန်(၈) ပြည်၊ ဆီ(၅၀)ကျပ်သား၊ ခေါက်ဆွဲထုပ်(၁၀)ထုပ်၊ ကုလားပဲဆန်(၅၀)ကျပ်သား၊ ဘီစကစ်(၅)နှင့် ကော်ဖီမစ်(၅)ထုပ်စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


