မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

မန္တလေး ၂၁ မေ


ယနေ့ နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ လမ်း၈၀၊ (၈x၉)လမ်းကြားတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 3 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ကာ ၁၁ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ကနဦးသတင်း သိရပါသည်။


မီးလောင်မှုကြောင့် နေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။


MDN

 

1