မန္တလေး ၆ အောက်တိုဘာ
Covid-19 ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ မန္တလေးတိုင်း ဒေသကြီးအတွင်း လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန်အတွက် စေတနာအလှူရှင်များမှ အလှူငွေများ၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လာရောက်လှူဒါန်း လျက်ရှိရာ အောက်တိုဘာ ၅ ရက် နံနက် ၁၁ နာရီက အလှူရှင် မန္တလေး နည်းပညာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအိအိထွေးနှင့် ဆရာ ဆရာမ၊ ဝန်ထမ်း မိသားစုများက ငွေကျပ် ၂၇ သိန်း ၇ သောင်းကိုလည်းကောင်း၊ ရတနာပုံတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာဌာန မိသားစုက ငွေကျပ် ၁၇ သိန်း ၇ ထောင် ကိုလည်းကောင်း၊ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး)က Quarantine Center များအတွက် ကြက်သား ပိဿာ(၁၀၀၀)ကို လည်းကောင်း ပေးအပ်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
မောင်ပြည်သူ(မန္တလေး)


