နေပြည်တော်၊ ဇန်နဝါရီ ၁၆

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၉ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်းများ) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်  ဇန်နဝါရီ ၁၃ ရက် နံနက် ၁၀ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန်-မန္တလေးသွားကားလမ်း၊ ဇလဲကျေးရွာအနီးတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာကြောင်း သတင်းရရှိထားသူ စိုးမြင့်နှင့် ထွန်းလင်းတို့ကို DONG FENG ၂၂ ဘီး တွဲကားမော်တော်ယာဉ်နှင့် လည်းကောင်း၊ ပူးပေါင်းပါဝင်သည့် ရှိုင်းကိုကို နှင့် ဝမ်လောက်စီ (ခ) ကွယ်ရုံ (ခ) တာကောတို့ကို မော်တော်ဆိုင်ကယ်ဖြင့်လည်းကောင်း အတူတွေ့ရှိရသဖြင့် စစ်ဆေးရှာဖွေရာ တွဲကားယာဉ်ပေါ်တွင် ဒေသကာလတန်ဖိုး ငွေကျပ် ၁၉ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၉၉၀ ကီလိုနှင့် မြန်မာငွေကျပ် ၂၂ သိန်းတို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိအိုက်စ် (မက်သ်အဖက်တမင်း) များအား ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ကရင် ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၄ ဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်