မန္တလေး ၂၄ ဇွန်

 

မန္တလေးတိုင်းဒေသကြီး ကျောက်မျက်ဥပဒေ(မူကြမ်း)ကို လာမည့် ဇူလိုင်လတွင် ကျင်းပမည့် (၁၉)ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ဥပဒေရေးရာကော်မတီက တင်သွင်းသွားမည်ဟု သိရသည်။

 

အဆိုပါ မန္တလေးတိုင်းဒေသကြီး ကျောက်မျက်ဥပဒေ(မူကြမ်း)နှင့် ပတ်သက်၍ ဥပဒေရေးရာကော်မတီသည် မိုးကုတ်ဒေသခံ ပြည်သူများနှင့် ဇွန် ၂၁ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

 

ကျောက်မျက်ဥပဒေ(မူကြမ်း) ဆွေးနွေးပွဲတွင် ဒေသခံများသည် လုပ်ကွက်ချထားမှု၊ လက်လုပ်လက်စားများအရေးနှင့် ပြည်သူများ၏ လိုလားချက်များကို ထုတ်ဖေါ်တင်ပြ ဆွေးနွေးနိုင်ခဲ့ကြောင်း မိုးကုတ် ထာပွဲ ကျောက်ကုန်သည်၊ ပွဲစားများအသင်း ဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့်က ပြောသည်။

 

mdn

 

"ဆွေးနွေးပွဲကနေ လိုလားချက် ပြင်ဆင်ချင်တဲ့ အချက်တွေ တင်ပြနိုင်တယ်။ ဒီမိုကရေစီစနစ်နဲ့ သွားနေတော့ ပြောရေးဆိုခွင့်ရှိတယ်။ အားရကျေနပ်မှုရှိပါတယ်"ဟု ဒေါ်ဖြူဖြူမြင့်က ပြောသည်။

 

ကျောက်မျက်ဥပဒေ(မူကြမ်း)တွင် အခန်းပေါင်း ၁၁ ခန်း ပါဝင်ပြီး မန္တလေးတိုင်းဒေသကြီး အသေးစားနှင့် လက်လုပ်လက်စား ကျောက်မျက်ဥပဒေဟု ခေါ်တွင်စေရမည်ဟု ဖေါ်ပြထားသည်။

 

ဖြိုးအိ