မန္တလေး ၃ မတ်
မန္တလေးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအေဝးသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူလယ်သမား ကိုယ်စားလှယ်များနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများမှ အမှုတွဲ(၃၂)တွဲအား စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)


