မန္တလေး ၂၆ ‌အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်ရှိဒေသခံပြည်သူများ၏ မျက်စိကုသရေးနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရန် ပါရဂူ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးကုသရေးအဖွဲ့သည် အောက်တိုဘာ၂၄ရက်က နွားထိုးကြီးမြို့နယ် အလည်ကျောင်းပရိယတ္တိစာသင်တိုက်တွင် ဒေသခံပြည်သူ မျက်စိဝေဒနာရှင် ၃၂ ဦးကို လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိ ဝေဒနာရှင် ၁၄ဦးကို ခွဲစိတ်ကုသပေးခဲ့သည်။

 

ဒေသခံပြည်သူများ ဆေးကုသပေးရာသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး မျက်မှန်တပ်ဆင်ရန် လိုအပ်သည့် မျက်စိဝေဒနာရှင်များအား မျက်မှန်များတပ်ဆင်ပေးသည်။

 

တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့နှင့်အတူ ရွေ့လျားခွဲစိတ်ကုသယာဉ် တစ်စီးပါဝင်ပြီး နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအားမျက်စိနှင့်အခြားသော ကျန်းမာရေးစောင့်ရှောက်မှုများအား Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ သတ်မှတ်ချက်များနှင့်အညီ ကုသပေးလျက်ရှိသည်။

 

မောင်ပြည်သူ(မန္တလေး)