နေပြည်တော် ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ်သိန်း ၇,၅၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ နှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ ၁၃၉ လမ်း၊ ၅၂ x ၅၃ လမ်းကြားရှိ ဂိုထောင်ကို သတင်းအရရှာဖွေရာ ဟိန်းဝင်းစိုးနှင့် တာရိုစေး တို့ ၂ ဦးကို HINO ၁၂ ဘီး မော်တော်ယာဉ်တစ်စီး၊ NISSAN VAN မော်တော်ယာဉ်တစ်စီးနှင့်အတူ တွေ့ရှိပြီး HINO ၁၂ ဘီးယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၇,၅၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၉ ဒသမ ၉ ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၃၆ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ် ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)