မန္တလေး ၁၅ ဇွန်

 

သမဝါယမကဏ္ဍအနေဖြင့် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ ကိုဗစ်-၁၉ ကာလအတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်သော အသင်းသားတောင်သူများ ဝင်ငွေရရှိရေးနှင့် ဝန်ထမ်းများ၊ အသင်းအမှုဆောင်များ၊ အသင်းဝန်ထမ်းများ၊ အသင်းသားများ သက်သာချောင်ချိရေးကို ရည်ရွယ်ပြီး ရှမ်းပြည်နယ် တောင်ကြီးနှင့် ပင်းတယမြို့နယ်တို့၏ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း လီမိတက်များမှ မုန်လာထုပ် (၆၅၀၀)ကို တစ်ထုပ်လျှင် ငွေကျပ်(၁၁၁ ဒသမ ၅၀)နှုန်းဖြင့် ဝယ်ယူပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သာစည်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ကျောက်ပန်းတောင်း၊ ညောင်ဦးမြို့နယ်များရှိ အသင်းသားပြည်သူများထံသို့ လယ်ဝယ်အရောက် တစ်ထုပ်လျှင် ငွေကျပ် ၁၂၀ နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။  

 

MDN