မန္တလေး ၁၄ ဇွန်
မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန သရက်ကုန်းငါးလုပ်ငန်းစခန်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငါးအမျိုးအစား ၁၀ မျိုးမှ ငါးသားပေါက်ကောင်ရေ သိန်း ၆၆၀ ထုတ်လုပ်ကာ ငါးမွေးတောင်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ကြေ
အဆိုပါစခန်းမှ ယခုဘဏ္ဍာရေးနှစ်တွင် ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ငါးခုံးမကြီး၊ ငါးသိုင်းခေါင်းပွ၊ ငါးကြင်းဖြူ၊ ငွေရောင်ငါးကြင်း၊ မြက်စားငါးကြင်း၊ ငါးတန်၊ ခေါင်းကြီးငါးကြင်း၊ တီလားပီးယား စသည့် ငါးအမျိုးအစား ၁၀ မျိုးမှ ကျန်းမာသန်စွမ်းသည့် မျိုးကောင်းမျိုးသန့် ငါးသားပေါက် ကောင်ရေ သိန်း ၆၆၀ ထုတ်လုပ်ကာ ၎င်းတို့အနက် သိန်း ၂၂၀ အား သဘာဝရေပြင်နှင့် အင်းအိုင်များတွင် ငါးမျိုးစိုက်ထည့်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိသည့် ငါးသားပေါက်ကောင်ရေ သိန်း ၄၄၀ အား တိုင်းဒေသကြီးအတွင်းနှင့် အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ငါးမွေးတောင်သူများအား ဖြန့်ချိရောင်းချပေးသွားမည်ဖြစ်
“ကျွန်တော်တို့ ငါးလုပ်ငန်းစခန်းက စခန်းအကျယ်အဝန်း ၅၂ ဒသမ ၉ ဧက ရှိပြီး ငါးမွေးကန်ပေါင်း ၈၉ ကန် ရှိပါတယ်။ နှစ်စဉ် ငါးသားပေါက်တွေ ထုတ်လုပ်ပြီး သဘာဝရေပြင်တွေမှာ ငါးမျိုးစိုက်ထည့်ပေးခြင်းနဲ့ ငါးမွေးသူတွေရဲ့ ငါးသားပေါက်လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနေတဲ့အပြ
ထို့ပြင် အဆိုပါသရက်ကုန်း ငါးလုပ်ငန်းစခန်းတွင် ငါးသားပေါက်မျိုးစိတ်အသစ်များ၊ သားဖောက်ထုတ်လုပ်နိုင်ရန် အတွက် တိုင်းရင်းငါးမျိုးစိတ်ဖြစ်သည့် ငါးသိုင်းမှ ငါးသားပေါက်စမ်းသပ်ထုတ်လုပ်လျက်
မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ
မင်းထက်အောင်(မန်းကိုယ်ပွား)


