မန္တလေး နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တာဝန်ရှိသူများသည် ယမန်နေ့က မိတ္ထီလာခရိုင်အတွင်းရှိ အခြေခံပညာဆရာဆရာမ (၅၆၉၁)ဦးအတွက် ကျောင်းစိမ်းဝတ်စုံများ ချီးမြှင့်ပွဲ၊ တောင်သူဦးကြီးများနှင့်တွေ့ဆုံပွဲ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်း သူများအတွက် စက်ဘီးအစီး (၃၀၀)ပေးအပ်လှူဒါန်းပွဲနှင့် မိတ္ထီလာမြို့နယ်ရှိ လူမှုကူညီ ရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားများသို့ တက်ရောက်၍ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်အတွင်းရှိ အခြေခံပညာ ဆရာ ဆရာမ (၅၆၉၁)ဦးအတွက် ကျောင်းစိမ်း ဝတ်စုံများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိတ္ထီလာ မြို့နယ်ရှိ ဆရာဆရာမ (၂၅၉၄)ဦး၊ မလှိုင်မြို့နယ်ရှိ ဆရာ ဆရာမ (၁၄၉၉)ဦး၊ ဝမ်းတွင်း မြို့နယ်ရှိ ဆရာဆရာမ(၁၅၉၈)ဦးတို့ အတွက် ကျောင်းစိမ်းဝတ်စုံများကို လည်းကောင်း၊ တက်ရောက်လာသည့် ဆရာဆရာမများအတွက် ချီးမြှင့်ငွေကျပ် (၂၅)သိန်းကို လည်းကောင်း၊ မိတ္ထီလာခရိုင်အတွင်းမှ တောင်သူဦးကြီးများနှင့် တွေ့ဆုံပွဲနှင့် အခြေခံပညာ ကျောင်းသား ကျောင်းသူ(၃၀၀)ဦးအတွက် စက်ဘီးများပေး အပ်လှူဒါန်းပွဲ အခမ်းအနားတွင် တောင်သူဦး ကြီးများအတွက် ချီးမြှင့်ငွေကျပ်(၁၀)သိန်းနှင့် ကျေးရွာအုပ်စု (၃၈)အုပ်စုအတွက် ကျေးရွာ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်(၃၈) သိန်းကိုလည်းကောင်း၊ မိတ္ထီလာမြို့နယ်ရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသူ ကျောင်းသား(၁၀၀)၊ မလှိုင်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ ကျောင်းသား (၁၀၀)နှင့် ဝမ်းတွင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ ကျောင်းသား(၁၀၀)တို့အတွက် စက်ဘီးအစီးရေ(၃၀၀)ကိုလည်းကောင်း၊ မိတ္ထီလာမြို့နယ်ရှိ လူမှုကူညီရေး အသင်းအဖွဲ့ (၂၀)ဖွဲ့နှင့် တွေ့ဆုံပွဲတွင် လူမှုရေးအသင်းအဖွဲ့ (၂၀)အတွက် ထောက်ပံ့ချီးမြှင့်ငွေကျပ်သိန်း (၆၀)ကိုလည်းကောင်း ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားများတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေးလုပ်ကိုင်နေသူများဖြစ်သည့်အတွက် စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ခြင်းကို နိုင်ငံတော်မှ ဦးတည်ချက် (၉)ရပ်ထဲတွင် ထည့်သွင်းဖော်ဆောင်နေကြောင်း၊ သမရိုးကျ စိုက်ပျိုးနည်းမှ ခေတ်စနစ် နှင့်အညီ ပညာရှင်များနှင့်ပေါင်းစပ်ကာ ပြောင်းလဲလုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ မွေးမြူရေးတွင် မိရိုးဖလာ လွှတ်ကျောင်းစနစ်မှ ခြံလှောင်မွေးစနစ်ပြောင်း လဲလုပ်ကိုင်ရန်လိုကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ မှလည်းလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း၊ ပညာဖြင့် အသက် မွေးဝမ်းကျောင်းပြုခြင်းမှာ တစ်သက် စာအတွက် အကျိုးများစွာရရှိမည်ဖြစ်ကြောင်း။
နိုင်ငံတော် အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံက ပါဝင်ပူးပေါင်း ဆောင်ရွက် ရန်လိုကြောင်း၊ ပါတီနိုင်ငံရေးကင်းရှင်းပြီး အရောင်အသွေးမပါသော စစ်မှန်သည့်ပရဟိတ စိတ်ထားကာ အဖွဲ့အစည်းအကျိုးထက် လူမှုအကျိုးပြုလုပ်ငန်းများကိုကောင်း သည်ထက်ကောင်း အောင် တက်ညီလက်ညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဥပဒေဘောင်အတွင်း စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဒေသအကျိုး၊ ပြည်သူလူထုအကျိုးကို လက်တွဲညီညီ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိတ္ထီလာမြောက်ကန်သို့ သွားရောက်၍ ဝန်ဇင်းကန်ဘောင် တစ်လျှောက် လမ်းဘေးမြက်ခင်းများ ပြုပြင်ဆောင်ရွက်ရန်၊ ကန်ဘေးရှိ သစ်ပင်ကြီးများ အလင်းဖွင့်ရန်၊ အများပြည်သူ ကိုယ်ကာယ လေ့ကျင့်ခန်း ကစားနိုင်ရန် အားကစား စက်ကိရိယာ များတပ်ဆင်ရန်၊ ထိုင်ခုံများထားရှိရန်နှင့် မြို့နေလူထု စိတ်ချမ်းမြေ့စေရေး ကန်အတွင်း အပြင်သန့်ရှင်း သပ်ရပ်ရေးကို အလေးထားဆောင်ရွက်ရန် ဌာနဆိုင်ရာ တာဝန်ရှိသူများကို မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)