မန္တလေး ၁၅ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းပေးသည့် 40mm ရေပက် ပိုက်လိပ်များအား မန္တလေးတိုင်းဒေသကြီး ခရိုင်၊မြို့နယ်နှင့် ဒေသအရန်မီးသတ်စခန်းများသို့ ခွဲဝေချထားပေးခြင်းကို အောက်တိုဘာ ၁၃ ရက် နံနက် ၁၀ နာရီက မန္တလေးခရိုင် ဗဟိုမီးသတ်စခန်းတွင် ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး၊ ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးဦးဌေးဝင်း၊ မန္တလေးခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို၊ မြို့နယ်မီး သတ်ဦးစီးမှူးများ၊ ဒေသအရန်မီးသတ် ကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးသို့ ရေပက်ပိုက်လိပ်၄၇လိပ်၊ ခရိုင်မီးသတ်စခန်း(၇)စခန်းသို့၃၅လိပ်၊ မြို့နယ်မီးသတ်စခန်း(၂၁)စခန်းသို့ ၁၀၅လိပ်၊ အရန်မီးသတ် စခန်း(၉၉)စခန်းသို့ ၁၉၈လိပ်နှင့်ရေကြောင်းမီးသတ်တပ်ဖွဲ့၊ ဈေးမီးသတ်တပ်ဖွဲ့များသို့ ၅၅လိပ်စုစု ပေါင်း အလိပ် ၄၄၀ ခွဲဝေပေးခဲ့ကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)


