မန္တလေးတိုင်းဒေသကြီးအတွင်းမှ ၂၀၁၉ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၃၄)ပါး၊ သီလရှင်ဆရာကြီး (၂)ပါး၊ သာသနာနုဂ္ဂဟဘွဲ့ရ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၁၂)ဦးတို့အား ထပ်ဆင့်ပူဇော်ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

မန္တလေး  ၂၀   ဇွန် 
    

မန္တလေးတိုင်းဒေသကြီးအတွင်းမှ ၂၀၁၉ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီး(၃၄)ပါး၊ သီလရှင်ဆရာကြီး(၂)ပါး၊ သာသနာ နုဂ္ဂဟဘွဲ့ရအမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၁၂)ဦးတို့အား ထပ်ဆင့်ဂုဏ်ပြု ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနားကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၆၂လမ်း၊ ၁၂ လမ်းနှင့် ၁၄ လမ်းကြားရှိ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော် ကြီးတွင် ယနေ့ညနေ ၄ နာရီက ကျင်းပပြုလုပ်သည်။


အခမ်းအနားသို့ နိုင်ငံတော် သြဝါဒါစရိယ၊ မြတောင်တိုက် ဆရာတော် ဘဒ္ဒန္တ အင်္ကုရ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ သာစည်မြို့နယ်၊ ဓမ္မာလင်္ကာရ ပရိယတ္တိစာသင် တိုက်၊ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိန္ဒာစာရ အမှူးပြုသော ပင့်သံဃာ တော်များ၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော်သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့်ဇနီး မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၏ ဇနီး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များနှင့် တိုင်းဒေသကြီး ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက် ကြည်ညိုကြသည်။


ရှေးဦးစွာ သာစည်မြို့နယ်၊ ဓမ္မာလင်္ကာရ ပရိယတ္တိစာသင်တိုက်၊ ဆရာတော် ဘဒ္ဒန္တ ကဝိန္ဒာစာရ အရှင်သူမြတ် ထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက် တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ချီးမြင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများကို  လျှောက်ထားတင်ပြသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးနှင့် တာဝန်ရှိသူများက ဆရာ တော်သံဃာတော်များကို သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း၊ သီလရှင်ဆရာကြီးအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ခြင်းနှင့် ၂၀၁၉ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် တော်ရဆရာတော်ကြီး (၃၄)ပါး၊ သီလရှင် ဆရာကြီး (၂) ပါးအား ဘွဲ့တံဆိပ်တော်များနှင့် မှတ်တမ်းလွှာများကို လည်းကောင်း၊ သာသနာ နုဂ္ဂဟဘွဲ့တံဆိပ်ရရှိသည့် အမျိုးသား(၄)ဦးနှင့် အမျိုးသမီး (၁၂) ဦးတို့အား ဘွဲ့တံဆိပ်နှင့် ဂုဏ်ပြုလွှာများကိုလည်းကောင်း ချီးမြှင့်ပေးအပ်ကြသည်။


ထို့နောက် ဧည့်ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်ဩဝါဒါ စရိယ၊ မြတောင် တိုက်၊ ဆရာတော် ဘဒ္ဒန္တအကုၤရ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြပြီး ဘုရားအမှူးရှိသော ပင့်သံဃာဆရာတော်ကြီး (၃၄)ပါးနှင့် သီလရှင်ဆရာကြီး (၂)ပါးတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသ ကြီးလွှတ်တော်နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်မိသားစုများက ငွေကျပ် ၂၄၆ သိန်း ၆ သောင်း ၆ ထောင်ကျော် တန်ဖိုးရှိ ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြောင်း သိရသည်။ 


တင်မောင်မန်းကိုယ်ပွား