မန္တလေး ၂၅ ဇန်နဝါရီ
ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ယခုလ၂၅ရက်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောသည် ။
ဖေဖော်ဝါရီလ ၁၄ ရက်တွင် ပြန်လည် စတင်မည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှ ဖြည့်စွက် ဘတ်ဂျက်အတည်ပြုခြင်းလုပ်ငန်းများအပါအဝင် အဆိုတင် သွင်းခြင်း၊ မေးခွန်းမေးမြန်းခြင်း ဆောင်ရွက်မည်ဖြစ်ပြီး ဖေဖော်ဝါရီလကုန်အထိ ကျင်းပရန် ခန့်မှန်းထားကြောင်းသိရသည် ။

" ဘတ်ဂျက် အတည်ပြုလုပ်ငန်းတွေ လုပ်မယ် ။ဘတ်ဂျက်တွေကို ချပေးတဲ့နေရာမှာ တစ်ကယ်လိုအပ်တဲ့ နေရာတွေကို ချပေးဖို့အတွက် လုပ်မယ် ။လွှတ်တော်ကျင်းပမယ့်ရက်ကတော့ ဆွေးနွေးမယ့်လွှတ်တော် ကိုယ်စားလှယ်အရေအတွက်ပေါ် မူတည်ပါတယ်တင်သွင်းမယ့် မေးခွန်းတွေကိုတော့လက်ခံနေပါပြီ " ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် လွှတ်တော် သဘောတရားအရ လွှတ်တော်တွင် ဆွေးနွေးမည့်အကြောင်းအရာများ ကို ၁၅ ရက် ကြိုတင် တင်သွင်းရသည့်အတွက် လတ်တလောအချိန်တွင် မေးခွန်းနှင့် အဆိုတင်ပြမှုများကို လက်ခံနေပြီဖြစ်ကြောင်းသိရသည် ။
သူရိန်လင်း