မိတ္ထီလာ ၂၆ မေ

 


မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၅၁၁ ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ ယခုနှစ် ကျောင်းအဆင့်တိုး စာရင်းများအရ သိရသည်။

 


မန္တလေးတိုင်းဒေသကြီးအတွင်း ကျောင်းပေါင်း ၅၁၁ ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိရာတွင် အ.မ.ကခွဲ ၂၄ ကျောင်း၊ အ.မ.က ၂၄ ကျောင်း၊ မူလွန် ၈၀ ကျောင်း၊ အလက(ခွဲ) ၉၈ ကျောင်း၊ အ.လ.က ၁၁၄ ကျောင်း၊ အ.ထ.က(ခွဲ) ၁၅၂ ကျောင်း၊ အ.ထ.က ၁၉ ကျောင်း ပါဝင်သည်။ 

 


ထိုသို့ ကျောင်းအဆင့်တိုးရာ၌ မန္တလေးခရိုင်တွင် အ.ထ.က ၄ ကျောင်း၊ အ.ထ.ကခွဲ ၄ ကျောင်း၊ အ.လ.က ၃ ကျောင်း၊ အ.လ.ကခွဲ ၁ ကျောင်း၊ မိတ္ထီလာခရိုင်တွင် အ.ထ.က ၄ ကျောင်း၊ အ.ထ.ကခွဲ ၃၂ ကျောင်း၊ အ.လ.က ၂၃ ကျောင်း၊ အ.လ.ကခွဲ ၁၄ ကျောင်း၊          မူလွန်ကျောင်း ၁၇ ကျောင်း၊ အ.မ.က ၆ ကျောင်း၊ အ.မ.ကခွဲ ၅ ကျောင်း၊ ညောင်ဦးခရိုင်တွင် အ.ထ.က ၂ ကျောင်း၊ အ.ထ.ကခွဲ ၄၀ ကျောင်း၊ အ.လ.က ၁၉ ကျောင်း၊ အ.လ.ကခွဲ ၁၈ ကျောင်း၊ မူလွန် ၉ ကျောင်း၊ အ.မ.က ၁ ကျောင်း၊ အ.မ.ကခွဲ ၁ ကျောင်း၊  ရမည်းသင်းခရိုင်တွင် အ.ထ.က ၃ ကျောင်း၊ အ.ထ.ကခွဲ ၁၄ ကျောင်း၊ အ.လ.က ၂၀ ကျောင်း၊ အ.လ.ကခွဲ ၁၇ ကျောင်း၊ မူလွန် ၁၆ ကျောင်း၊ အ.မ.က ၈ ကျောင်း၊ အ.မ.ကခွဲ ၉ ကျောင်း၊ မြင်းခြံခရိုင်တွင် အ.ထ.ကခွဲ ၂၅ ကျောင်း၊ အ.လ.က ၁၅ ကျောင်း၊ အ.လ.ကခွဲ ၁၂ ကျောင်း၊ မူလွန် ၆ ကျောင်း၊ အ.မ.က ၁ ကျောင်း၊ အ.မ.ကခွဲ ၂ ကျောင်း၊ ပြင်ဦးလွင်ခရိုင်တွင် အ.ထ.က ၅ ကျောင်း၊ အ.ထ.ကခွဲ ၂၈ ကျောင်း၊ အ.လ.က ၂၆ ကျောင်း၊ အ.လ.ကခွဲ ၂၇ ကျောင်း၊ မူလွန် ၂၀ ကျောင်း၊ အ.မ.က ၇ ကျောင်း၊ အ.မ.ကခွဲ ၄ ကျောင်း၊ ကျောက်ဆည်ခရိုင်တွင် အ.ထ.က ၁ ကျောင်း၊ အ.ထ.ကခွဲ ၉ ကျောင်း၊ အ.လ.က ၈ ကျောင်း၊ အ.လ.ကခွဲ ၉ ကျောင်း၊ မူလွန် ၁၂ ကျောင်း၊ အ.မ.က ၁ ကျောင်း၊ အ.မ.ကခွဲ ၃ ကျောင်းတို့ဖြစ်ကြောင်း သိရသည်။ 

 


ချမ်းသာ(မိတ္ထီလာ)