မန္တလေး ၁၈  အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီးရှိ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များတွင် အသက် ၆၀ ကျော်သူများ ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူ ၇၅၈၅၉၂ ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

 

အသက် ၆၀ ပြည့်သူများအနေဖြင့် ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက်ရန် အခက်အခဲ ရှိပါက သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်သို့ သတင်းပို့ကာ နေအိမ်တွင် ကြိုတင်မဲပေးနိုင်ရေးကို သက်ဆိုင်ရာ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်က စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။

 

"ကိုဗစ်ကာလမှာ ကျန်းမာရေးအတွက် လုပ်ဆောင်ပေးတာပေါ့" ဟုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ(မန္တလေးတိုင်း) ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။

 

မန္တလေးတိုင်းဒေသကြီးရှိ Stay at Home မြို့နယ်များဖြစ်သော မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာဇံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်တို့ရှိ အသက် ၆၀ ကျော်တို့ကို စာရင်းကောက်ယူခဲ့ခြင်းဖြစ်သည်။

 

ဖြိုးအိ