မန္တလေး ၁၇ ဇွန်  

 

မန္တလေးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးဆိုင်ရာ သုတေသန စစ်တမ်း ကောက်ယူနေကြောင်း တိုင်းဒေသကြီးလွှတ်တော် စာကြည့်တိုက်နှင့် သုတေသန ကော်မတီက  သိရသည်။

 

အဆိုပါ သုတေသန စစ်တမ်းကို မန္တလေးတိုင်းဒေသကြီး မြို့နယ် ၅ ခု အတွင်းရှိ ကျေးရွာ ၅ ရွာတွင် နေထိုင်သည့် တောင်သူများ၏ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး ဆိုင်ရာ အသိပညာနှင့် ပတ်သက်သော စစ်တမ်းကို ဇွန်လ ၁၃ ရက် စတင်ကာကောက်ယူခဲ့ကြောင်း သိရသည်။

 

FB_IMG_1

 

" တောင်သူတွေပိုးသတ်ဆေး အသုံးပြုတဲ့နေရာမှာ အဆင်ပြေအောင် သုံးနိုင်ဖို့  ပိုးသတ်ဆေးနဲ့ သက်ဆိုင်တဲ့ အသိပညာတွေ သိရှိနားလည်နိုင်ဖို့ စတဲ့အချက်တွေ ရရှိနိုင်ရန်အတွက်ကို ကောက်ယူခြင်းဖြစ်ပါတယ်။ နောက်ပြီး ပိုးသတ်ဆေးသုံးစွဲသော တောင်သူများကို အကာအကွယ်ပေးနိုင်သော အစီအစဉ် တစ်ခုခု(သို့) ဥပေဒကြမ်းများ ပြင်ဆင်ရေးဆွဲသည့် အခါ အဆင်ပြေစေဖို့ပါ " ဟုတိုင်းလွှတ်တော် စာကြည့်တိုက်နှင့် သုတေသနဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာ ခွန်ကျော်ဦး က  ပြောသည်။

 

စစ်တမ်းကောက်ယူရာတွင် ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မလှိုင်နှင့် မတ္တရာ မြို့နယ်များရှိ ကျေးရွာအချို့တွင် အဖွဲ့ဝင် ၂၀ ကျော်ဖြင့် ကောက်ယူနေကြောင်း သိရသည်။

 

မန္တလေးမြို့တွင် မြို့တွင်း ဧရိယာတွင် ပါဝင်သော အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့မှလွဲ၍ အခြားသော မြို့နယ် ၂၃ ခု ၌ မြို့နယ်တစ်မြို့နယ်လျှင် ကျေးရွာ ၄ ရွာနှုန်းဖြင့်  ကျေးရွာ စုစုပေါင်း ၉၆ ရွာကို စစ်တမ်းကောက်ယူသွားမည်ဖြစ်ကြောင်း ၎င်းထံက သိရသည်။ 

 

သူရိန်လင်း

 

FB_IMG_15