မန္တလေး  ၁   မေ

 

မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်နှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများသည် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ Video Conferencing ဖြင့်တွေ့ဆုံ ဆွေးနွေးခြင်း ကို ဧပြီ ၃၀ ရက်  မွန်းလွဲ ၂ နာရီ က မန္တလေးတိုင်းဒေသကြီးကုသရေး နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ Emergency Operation Center တွင်ပြုလုပ်ခဲ့သည်။

 

1010258

 

 အစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နောက်ဆုံးရ ညွှန်ကြားချက်များကို ဒေါက်တာသန်းသန်းမြင့်က တိုင်းဒေသကြီးအတွင်းရှိ  ခရိုင်/မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးများအား လမ်းညွှန်မှာကြားခဲ့ပြီး ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများမှ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရင်ဆိုင်တွေ့ကြုံနေရသည့် အခက်အခဲများ၊ လိုအပ်ချက်များနှင့် အခြားသိလိုသည်များကို တင်ပြဆွေးနွေးကြသည်။

 

အဆိုပါအစည်းအဝေးတွင် တိုင်းဦးစီးမှူးနှင့်အတူ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးများ ဖြစ်ကြသော ဒေါက်တာယုယုဝေ၊ ဒေါက်တာသင်းသင်းနွယ်၊ ကုသရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏသောင်း၊ ကူးစက်ရောဂါနှင့် အထူးရောဂါ နှိမ်နင်းရေးဌာနမှ လက်ထောက်ညွှန်ကြားမှူးများနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ တက်ရောက်၍ Video Conferencing ဖြင့်တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)

 

530