မန္တလေးတိုင်းဒေသကြီးတွင် တစ်ပတ်အတွင်း အသွားအလာကန့်သတ်စောင့်ကြည့်သူ ၁၃၀၀ ကျော် တိုးလာ

မန္တလေး မေ

 

မန္တလေးတိုင်းဒေသကြီးတွင် COVID-19 နှင့်ပတ်သက်၍ တစ်ပတ်အတွင်း အသွားအလာ ကန့်သတ်စောင့်ကြည့်သူ ၁၃၀၀ ကျော်တိုးလာ၍ စုစုပေါင်း ၄၃၀၀ ကျော် ရှိလာကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။

 

လက်ရှိ မန္တလေးတိုင်းဒေသကြီးတွင် ပြည်ပနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများနှင့် ရောဂါဖြစ်ပွားရာဒေသများမှ ရောက်ရှိလာသူများအား အသွားအလာ ကန့်သတ်စောင့်ကြည့်မှုများအား စနစ်တကျ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၃၀ ရက် ညနေ နာရီအထိ အသွားအလာ ကန့်သတ်စောင့်ကြည့်သူ ၃၀၆၈ ဦး သာရှိခဲ့ပြီး မေ ရက်မှ ရက်အထိ တစ်ပတ်အတွင်း ၁၃၀၄ ဦး တိုးလာခြင်းကြောင့် စုစုပေါင်း ၄၃၇၂ ဦးရှိလာကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မေ ရက် ညနေ နာရီအထိ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။

 

အဆိုပါ ထုတ်ပြန်ချက်စာရင်းများအရ တိုင်းဒေသကြီးအတွင်းတွင် ဟိုတယ် Quarantine ()နေရာနှင့် Facility Quarantine (၁၁၆၃)နေရာ ပြင်ဆင်ထားရှိပြီး ဟိုတယ် Quarantine ဆောင်ရွက်ထားသူ (၃၀)ဦးနှင့် Facility Quarantine ဆောင်ရွက်ထားသူ ၄၃၄၂ ဦးရှိကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း ထပ်မံ၍ ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် မန္တလေးတိုင်းဒေသကြီးပြင်ပ ရောဂါပိုးတွေ့ရှိမှုများသည့် ဒေသတွင် သွားရောက်နေထိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသူ ဖြစ်ပါက Facility Quarantine ၂၁ ရက်နှင့် Home Quarantine ရက် ဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ဧပြီ ၂၁ ရက်က ညွှန်ကြားစာ ထုတ်ထားသည်။

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို မိဘပြည်သူများနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မိဘပြည်သူများသို့ အသိပေးပန်ကြားခြင်း၊ မေတ္တာရပ်ခံပန်ကြားခြင်း၊ အသိပေးတင်ပြခြင်းအပြင် အခြေအနေပေါ်မူတည်၍ တားမြစ်အမိန့်များ ထုတ်ပြန်ခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)