စဉ့်ကူး ၂၂ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး တရာလွှတ်တော်တရားသူကြီး ဒေါ်တင်နွယ်ဝင်းသည် ပြင်ဉီးလွင်ခရိုင်တရား ရုံးမှ ဒုတိယခရိုင်တရားသူကြီး ဉီးကျော်စိုးဝင်းနှင့်အတူ စဉ့်ကူးမြို့နယ်တရားရုံး တွဲဖက်မြို့နယ်တရားသူကြီး ဒေါ်ဆုဆုပြည့်ဖြိုးတို့ လိုက်ပါလျက် စက်တင်ဘာ ၂၂ ရက် နံနက် ၉ နာရီက လက်ပန်လှနယ်မြေရဲစခန်းနှင့် စဉ့်ကူးမြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့အချုပ်ခန်းတို့အား သွားရောက်ကြည့်ရှုစစ်ဆေး၍ အချုပ်ခန်းတရားခံများ ဉပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်ရေးနှင့် အချုပ်ခန်းတရားခံများ၏ နေထိုင်ခင်း သက်သာ ချောင်ချိမှု ရှိ၊ မရှိ ကျန်းမာရေးပြည့်စုံမှု ရှိ၊ မရှိ၊ မကျန်းမာပါက ဆေးစစ်၊ ဆေးကုသရန်အခွင့်အရေး ရှိ၊ မရှိနှင့် စပ်လျဉ်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းဇော်ဦး(ပြန်/ဆက်)



