မန္တလေး      ဖေဖော်ဝါရီ      ၁၃

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင်  ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး၊ မြို့တော်ခန်းမ၌ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့မည့်ပစ္စည်းများ ပြင်ဆင်ထုပ်ပိုးနေမှုကို လိုက်လံကြည့်ရှုသည်။

 

ထိုသို့ ကြည့်ရှုစဉ် တာဝန်ရှိသူများက စေတနာရှင်ပြည်သူများ လှူဒါန်းသည့် စားသောက်ဖွယ်ရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ထောက်ပံ့ပေးပို့ရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများက စနစ်တကျ ပြင်ဆင် ထုပ်ပိုးနေမှုကို ရှင်းလင်းပြသကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး လုပ်ငန်းဆောင်ရွက်နေသူများကို လိုက်လံအားပေးခဲ့သည်။

(သတင်းစဉ်)