မန္တလေး ၁၃ ဧပြီ
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကို နေ့မအား၊ ညမနား တာဝန်ယူဆောင်ရွက်လျက်ရှိသော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း (၃၃၇၄)ဦး၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း (၄၅၀၀)ဦးတို့၏ မိသားစုများအား သက်သာချောင်ချိရေးအတွက် ဝန်ထမ်းတစ်ဦးလျှင် (၁၄၉၃၉)ကျပ် တန်ဖိုးရှိ ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကုလားပဲ (၅၀)ကျပ်သား၊ ခေါက်ဆွဲထုပ် (၁၀)ထုပ်နှင့် မုန့်(၂)ထုပ်၊ ကော်ဖီမစ်အထုပ်သေး (၅)ထုပ်နှင့် Mask (၃၀)ပါ တစ်ထုပ်စီကို ဧပြီ ၁၃ ရက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ထောက်ပံ့ပေးခဲ့ရာ သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်များမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်း (၄၈၂)ဦး၊ မန္တလေးခရိုင်အတွင်းရှိ ဝန်ထမ်း (၄၅၉)ဦး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ ဝန်ထမ်း (၄၃၃)ဦး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ဝန်ထမ်း (၄၇၃)ဦး၊ မိတ္ထီလာခရိုင်အတွင်းရှိ ဝန်ထမ်း (၄၅၂)ဦး၊ ရမည်းသင်းခရိုင်အတွင်းရှိ ဝန်ထမ်း (၂၆၈)ဦး၊ မြင်းခြံခရိုင်အတွင်းရှိ ဝန်ထမ်း (၄၄၉)ဦး၊ ညောင်ဦး ခရိုင်အတွင်းရှိ ဝန်ထမ်း (၃၅၈)ဦး စုစုပေါင်းဝန်ထမ်း (၃၃၇၄)ဦးကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေး (ပြန်/ဆက်)


