မန္တလေး ဒီဇင်ဘာ ၂၁
မန္တလေးတက္ကသိုလ်၊ ရုက္ခဗေဒဌာနမှ အငြိမ်းစား ဆရာကြီး ဆရာမကြီးတို့အား အာစရိယ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာ ၂၃ ရက် နံနက် ၉ နာရီခွဲတွင် Virtual Online ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း ရုက္ခဗေဒဌာနနှင့် အဏုဇီဝဗေဒဌာနမှ ပါမောက္ခ/ဌာနမှူးထံမှ သိရသည်။
“အသက် ၈၀ နှစ်နဲ့အထက် တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း၊ အသက် ၇၅ နှစ်နဲ့အထက် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းငါးသောင်းနဲ့ အသက် ၆၈ နှစ်နဲ့အထက် တစ်ဦးလျှင် ငွေကျပ် တစ်သိန်း ကန်တော့ သွားမှာပါ၊ Kpay၊ Wave money တွေကနေ လွှဲပေးသွားမှာပါ၊ အစဉ်အလာမပြတ် အခက်အခဲတွေ ကြားက အားလုံးဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြတဲ့အတွက် ဒီလိုကာလမျိုးမှာ ကန်တော့ခံ ဆရာဆရာမကြီးတွေရော၊ ကန်တော့ကြမယ့်သူတွေပါ ဝမ်းသာပီတိဖြစ်နေကြမှာပါ၊ လိုအပ်သော ကန်တော့ငွေများကို ရုက္ခဗေဒဌာနကနေ ထည့်ဝင်လှူဒါန်းသွားမှာပါ" ဟု မန္တလေးတက္ကသိုလ်၊ ရုက္ခဗေဒဌာနနှင့် အဏုဇီဝဗေဒဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာနုနုရီက ပြောပြသည်။
ရုက္ခဗေဒဌာနမှ အာစရိယပူဇော်ကန်တော့ပွဲကို ၂၀၀၆ ခုနှစ်မှ စတင်ကျင်းပခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် virtual online ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)