မန္တလေး ၁၂ ဇူလိုင်

 

မန္တလေးတက္ကသိုလ်၏ လုံခြုံရေးလိုအပ်ချက်အရ မဟာအောင်မြေမြို့နယ် ၇၈ လမ်း အနောက်ဂိတ် ဝင်ပေါက်အား ဇူလိုင် ၁၁ ရက်မှစတင်ကာ ယာယီပိတ်ထားပြီး တက္ကသိုလ် ကြို၊ ပို့ယာဉ်များနှင့် ဝန်ထမ်းများ ဝင်ထွက်သွားလာခြင်းကို ၇၃ လမ်း ပင်မဂိတ်မှသာသွားလာကြရန် အသိပေးထားသည်။

 

မန္တလေးတက္ကသိုလ်အတွင်းတက္ကသိုလ်နှင့် မပတ်သက်သူများ၇၈ လမ်းဝင်ပေါက်မှ ဖြတ်လမ်းအဖြစ် အသုံးပြု၍ ဝင်ထွက်သွားလာကြပြီး တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ဆိုင်ကယ်များ ပျောက်ဆုံးမှု၊ ဖုန်းနှင့် ပိုက်ဆံအိတ်လုယက်မှုများအထိ ကျူးလွန်မှုများ ဖြစ်ပွားခဲ့သဖြင့် တက္ကသိုလ်အတွင်း လုံခြုံရေး တိုးမြှင့်ကာ ၇၈ လမ်း အနောက်ဂိတ်အား ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

 

မောင်ပြည်သူ(မန္တလေး)