မန္တလေး ၁၃ မတ်
မန္တလေးတက္ကသိုလ် မြန်မာစာဌာနမှ ကြီးမှူးကျင်းပသော ပင်ရင်းမြန်မာစာ ပိုစတာပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက မန္တလေးတက္ကသိုလ် အင်းဝ(၉)ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင်ဆုရရှိသောေကျာင်းသား ကျောင်းသူများအား မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမဥ္ဇူမင်းက ဆုများ ပေးအပ်ချီးမြှင့်ပေးပြီး ဒိုင်အဖြစ် ကူညီဆောင်ရွက်ပေးခဲ့ကြသော ပါမောက္ခဆရာကြီး ဆရာမကြီးများကို မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းရီက ဂုဏ်ပြုလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်မောင်မန်းကိုယ်ပွား