မန္တလေး ၂၂ ဒီဇင်ဘာ

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ မန္တလေးတက္ကသိုလ် ပတ်ဝန်းကျင်သာယာလှပရေး လှုပ်ရှားမှုအနေဖြင့် ပါမောက္ခချုပ် ဒေါက်တာ သီတာဝင်းဦးစီးပြီး မန္တလေးတက္ကသိုလ် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများ၊ မန္တလေးတက္ကသိုလ် ဆရာ ဆရာမများသမဂ္ဂနှင့်  မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်း၍ မန္တလေးတက္ကသိုလ်ဝင်းအတွင်းရှိ အမှိုက်များ စုပေါင်းကောက်ယူခြင်းကို ယနေ့ နံနက် ၉ နာရီမှ စတင်ဆောင်ရွက်ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ ဦးဆောင်သော ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ပင်မဆောင်ပတ်ဝန်းကျင်၊ ရွှေမန်းလမ်း၊ သစ္စာလမ်း၊ ရတနာပုံလမ်းတစ်လျှောက်၊ လေးထပ်ဆောင် ပတ်ဝန်းကျင်နှင့် ရေနီမြောင်းအတွင်းရှိ အမှိုက်များကို စုပေါင်းကောက်ယူခဲ့ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်များကို လိုက်လံသိမ်းဆည်းပေးခဲ့သည်။

 

တင်မောင်(မန်းကိုယ်ပွား)