မန္တလေးတက္ကသိုလ်တွင် နိုင်ငံရေးလေ့လာမှုပညာ မဟာဘွဲ့တက်ရောက်နိုင်ပြီ

မန္တလေး ၂၈ အောက်တိုဘာ

 

မန္တလေးတက္ကသိုလ်(လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန) မှ ကြီးမှူး၍ မန္တလေးတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနတွင် ဖွင့်လှစ်မည့် နိုင်ငံတကာလေ့လာမှုပညာ မဟာဘွဲ့ Master of Political Studies (MPoLS) သင်တန်းအမှတ်စဉ်(၁/၂၀၁၇)ကို သင်တန်းကာလ(၂)နှစ်(ပညာသင်နှစ် တစ်နှစ်လျှင် ပညာသင်ကာလ နှစ်ခုသတ်မှတ်ပြီး ပညာသင်ကာလ တစ်ခုလျှင် ခြောက်လဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၈ ရက် မှ စတင်၍ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်သည်။

 

အဆိုပါ သင်တန်းအတွက် နိုင်ငံရေးသိပ္ပံဘွဲ့လွန်ဒီပလိုမာ(DPS) သို့မဟုတ် နိုင်ငံတကာ ဆက်ဆံရေးပညာဘွဲ့လွန်ဒီပလိုမာ (DIR) ရရှိပြီးသူ ဖြစ်ရမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများသည် သင်တန်းဝင်ခွင့် လျှောက်လွှာပုံစံဖြင့် မန္တလေးတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနတွင် (၂၃.၁၀.၂၀၁၇) မှ (၈.၁၁.၂၀၁၇) ရက်နေ့အထိ တင်သွင်းလျှောက်ထားနိုင်ကြောင်းသိရသည်။

 

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မန္တလေးတက္ကသိုလ်၊ ကျောင်းသားရေးရာဌာန(ဖုန်း-ဝ၂-၂၈၃၂၁၂၉) နှင့် မန္တလေးတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာန(ဖုန်း-ဝ၂-၂၁၀၈၀) တို့ထံသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

 

(MDN)