နေပြည်တော် ၈ ဖေဖော်ဝါရီ
ဖေဖော်ဝါရီ ၇ ရက် ည ၁၂ နာရီခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် ကနောင်မင်းသားကြီး လမ်းဆုံ၌ မီးပွိုင့်မီးပျက်နေစဉ် အရှေ့မှအနောက်သို့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ဘူတာရပ်နေ ကိုဖြိုး (ခ) ပြည့်ဖြိုးအောင် (၂၈)နှစ် မောင်းနှင်လာသည့် 4M/×××× Fuso (၁၂) ဘီးယာဉ်နှင့် မြောက်မှတောင်သို့ သာစည်မြို့နယ်၊ (၄) ရပ်ကွက်နေ နိုင်လင်းဟန်(၂၅)နှစ် မောင်းနှင်ပြီး ငါန်းဇွန် မြို့နယ်၊ ကျောက်တစ်လုံး ကျေးရွာနေ ဖြိုးဇာနည်အောင်(၂၆)နှစ် လိုက်ပါလာသော 2E/×××× Fuso(၁၂)ဘီး ယာဉ်တို့တိုက်မိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် 4M/×××× ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ကနောင်မင်းသားကြီး လမ်းတောင်ဘက်ခြမ်း၌ ရပ်ထားသော ဆိုင်ကယ်(၄)စီးနှင့် ပြည်ကြီးတံခွန်မြို့နယ်နေ ဒေါ်ခင်အုန်းလှိုင် (၆၂)နှစ်၏ နေအိမ် အရှေ့ဘက်ခြမ်းအားလည်းကောင်း၊ 2E/×××× ယာဉ်မှာ ဒေါ်ခင်အုန်းလှိုင်၏ နေအိမ် မြောက်ဘက် ခြမ်းနှင့် မီးပွိုင့်တို့အား အဆင့်ဆင့် တိုက်မိခဲ့သဖြင့် ဆိုင်ကယ် ၂ စီးပေါ်တွင် ထိုင်နေသော ပြည်ကြီး တံခွန်မြို့နယ်နေ ကျော်ခိုင်ဦး ပါ ၂ ဦးတို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ယာဉ်မောင်း ကိုဖြိုး (ခ) ပြည့်ဖြိုးအောင်ပါ ၄ ဦးတို့တွင် ဒဏ်ရာများအသီးသီး ရရှိ ခဲ့သောကြောင့် ကိုဖြိုး (ခ) ပြည့်ဖြိုးအောင်နှင့် နိုင်လင်းဟန်တို့ ၂ ဦးအား စက်မှု နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
MDN