မန္တလေး ၁၁ အောက်တိုဘာ
ကရုဏာမျိုးစေ့အဖွဲ့မှ စီစဉ်ကျင်းပသည့် စားသုံးသူအခွင့်အရေးနှင့် ဥပဒေအကြောင်းအရာ ဆွေးနွေးပွဲကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် အောက်တိုဘာလ ၁၀ ရက် မွန်းလွဲ ၂ နာရီက ကျင်းပသည်။
ကျင်းပရခြင်းရည်ရွယ်ချက်မှာ စားသုံးသူများ မိမိ၏ အခွင့်အရေးကို သိရှိရန် စားသုံးသည့်အရေးတွင် စားသုံးသူများကိုယ်တိုင်က မိမိအခွင့်အရေးကို အရေးဆိုလာတက်စေရန်နှင့် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။အဆိုပါဆွေးနွေးပွဲတွင် ဦးခင်မောင်သန်း (ဆိုင်းတန်း) တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သူဇာ၊ (Mandalay Affairs Team) ဒေါ်ဖြူဖြူချောတို့က ဦးဆောင်ဆွေးနွေးသည်။
ဦးဆောင်ဆွေးနွေးသူများက အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေတို့ကို အသေးစိပ်ဆွေးနွေးသည်။ ဆက်လက်၍ တက်ရောက်လာသည့် အရပ်ဖက် အဖွဲ့အစည်းများ မီဒီယာများနှင့် ဖိတ်ကြားထားသူများက မိမိတို့တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြပြီး စားသုံးသူအခွင့်အရေးဆိုင်ရာတာဝန်များ စားသုံးသူနှင့် ပတ်သက်သည့် ဥပဒေများကို ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားသည်ဟုသိရှိရသည်။
ခင်ခင်ဝင်း(ပညာရေး)


