မန္တလေး ၁၈ အောက်တိုဘာ
မန္တလေးတိုင်းတွင် COVID-19 ရောဂါနှင့်ပတ်သက်ပြီး ဆရာဝန်များကိုဖုန်းဖြင့်အခမဲ့ ဆွေးနွေး တိုင်ပင်နိုင်သော အစီအစဉ် စတင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်းမှ သိရသည်။
"ဖျားနာခြင်းနဲ့ပတ်သက်ပြီးတော့ တိုင်ပင်ဆွေးနွေးလို့ရအောင်ဆိုပြီးတော့ ဒီမန္တလေးမြို့ ပေါ်ရှိတဲ့ လုပ်အားပေးနေတဲ့ ဆရာဝန်တွေနဲ့ လောလောဆယ်တော့ ဟော့လိုင်းနံပါတ်ရှစ်ခုနဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကပဲ စတင်ပါတယ်" ဟု အဆိုပါအစီအစဉ်တွင် ပါဝင်သူ ဒေါက်တာရန်နိုင်မိုးက ပြောသည်။
အဓိက Covid-19ရောဂါကို ဦးတည်၍ ပြုလုပ်ခြင်းဖြစ်ကာ မည်သည်မဆို ဆက်သွယ်ဆွေးနွေးနိုင်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) အထွေထွေရောဂါကုဆရာဝန်များအဖွဲ့၊ COViD-19 Response Team အနေဖြင့် လတ်တလောကာလ ပြင်ပဆေးခန်းအချို့ပိတ်ထားရခြင်း၊ Stay at Home ကာလဖြစ်ခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးပြဿနာများ တိုင်ပင်ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ယင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေါက်တာ ရန်နိုင်မိုးက ပြောသည်။
မန္တလေးတိုင်းအတွင်းရှိမည်သူမဆို နေ့စဉ် နံနက် ၉နာရီမှ ည ၇နာရီအထိ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။
ဆက်သွယ်မေးမြန်းနိုင်သည့် Hot Line ဖုန်းနံပါတ်များမှာ- ဒေါက်တာရန်နိုင်မိုး ၀၉-၄၀၂၆၇၉၁၃၆၊ ဒေါက်တာသိန်းနိုင်ဌေး ၀၉-၇၉၇၇၇၂၉၈၈၊ ဒေါက်တာဟိန်းထွဋ်မောင်မောင် ၀၉-၄၄၅၄၁၂၉၂၂၊ ဒေါက်တာ ဝေယံမိုးမြင့် ၀၉-၉၇၄၉၃၅၅၄၄၊ ဒေါက်တာငြိမ်းသန့် ၀၉ -၉၇၇၂ ၈၄၃၂၄၊ ဒေါက်တာကျော်မျိုးထက် ၀၉-၂၅၀၃၇၉၀၁၉၊ ဒေါက်တာသီဟဖြိုး ၀၉-၉၅၁၀၄ ၃၇၇၈၊ ဒေါက်တာမြတ်ရတနာကျော် ၀၉-၄၀၂၆၅၆၆၂၀ တို့ဖြစ်သည်။
ဖြိုးအိ


