မန္တလေး ၂၅ အောက်တိုဘာ
မန္တလေးတွင် နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပမည့် ဧရာဝတီစာပေပွဲတော် (IRRAWADDY LITERARY FESTIVAL 2019) အောင်မြင်စွာ ကျင်းပနိုင်ရေးညှိုနှိုင်းအစည်းအဝေးကို မန္တလေးချမ်းအေးသာစံမြို့နယ်ရှိ Community Center (လူထုနေရာ)တွင် အောက်တိ်ုဘာ ၂၅ ရက် နံနက် ၁၀ နာရီက ညှိုနှိုင်းအစည်းအဝေးကျင်းပသည်။
အခမ်းအနားတွင် သဘာပတိစာရေးဆရာ ညီစေမင်းက အမှာစကားပြောကြားရာတွင် ဧရာဝတီ စာပေပွဲတော်ကြီး ယခုအကြိမ်နှင့်ဆိုလျှင် ကျင်းပသည်မှာ ပဉ္စမအကြိမ်သို့ရောက်ရှိခဲ့ ပြီဖြစ်ကြောင်း၊ ပထမဆုံးအကြိမ်သည် ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး မန္တလေးမြို့တွင် ဒုတိယအကြိမ်မှစ၍ ယခု ပဉ္စမအကြိမ် ထိ ငါးကြိမ်သို့ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ မန္တလေး၏ အစဉ်အလာအတိုင်း ဧရာဝတီ စာပေပွဲတော်ကြီး စည်ကားစွာ ကျင်းပနိုင်ရေး အားလုံးဝိုင်းဝန်းကူညီရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်ပြိုင်ပွဲကျင်းပရေး ကော်မတီဒုတိယဥက္ကဌ ဒေါက်တာအောင်မြင့် (ဆေးမန်း)က အမှာစကားပြောကြားရာတွင် ဧရာဝတီ စာပေပွဲတော်ကြီး စာတမ်းဖတ်ပွဲများ၊ စာပေဆွေးနွေးပွဲများ မှတ်တမ်းရုပ်ရှင်နှင့် အလုပ်ရူံဆွေးနွေးပွဲများ၊ ကာတွန်းပြခန်းများ၊ စာအုပ်အရောင်းဆိုင်များနှင့် အခြားပြခန်းများလည်း ပါရှိမည်ဖြစ်ပါကြောင်း၊ နှစ်စဉ် အောင်မြင်စွာကျင်းပနိုင်ခဲ့သလို ယခုပဉ္စမအကြိမ် ကိုလည်း ဝိုင်းဝန်းပါစေဝင်ကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ ဧရာဝတီစာပေပွဲတော်(၂၀၁၉)တွင် နိုင်ငံတကာမှ စာရေးဆရာ ၃၀ ကျော်နှင့် မြန်မာနိုင်ငံမှ စာရေးဆရာ(၁၀ဝ) ကျော်တို့ဖြင့် စာတမ်းဖတ်ပွဲများ စာပေဆွေးနွေးပွဲများပြု လုပ်သွားမည်ဖြစ် ကြောင်း စာပေဟောပြောပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးကော်မတီမှ ဒေါ်ခင်ခင်ဝင်း (ပညာရေးှ)မှ ပြန်ကြားရေး ကော်မတီ လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များ စာတမ်းရှင်းများ၊ နှင့် ကာတွန်းဆရာတို့က သိလိုသူများကို မေးမြန်းရာ ဒေါက်တာအောင်မြင့်မှ ပြန်လည်ဖြေကြားသည်။
အဆိုပါ ဧရာဝတီစာပေပွဲတော်ကို မန္တလေးမြို့ Mercure Mandalay Hill Resort တွင် နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ နေ့စဉ်နံနက် (၁၀)နာရီမှ ညနေအထိ ကျင်းပမည်ဖြစ်သည်။ မည်သူမဆို ဝင်ကြေးအခမဲ့ဖြင့် တက်ရောက်လေ့လာနိုင်ကြောင်း သိရှိရသည်။
ခင်ခင်ဝင်း(ပညာရေး)


