မန္တလေး ၁၆ ဇန်နဝါရီ
မန္တလေးမြို့တွင် လစဉ် တတိယပတ် တနင်္ဂနွေ နေ့တိုင်းကို စူပါ ဆန်းဒေးအဖြစ် သတ်မှတ်ကာ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)မှ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း မော်တော်ဆိုင်ကယ် အစီးရေနှင့် ဆိုင်ကယ် ယာဉ်မောင်းလိုင်စင်ရှိသူအရေ အတွက်သည် ကွာဟနေသည့်အတွက် အစိုးရ ရုံးပိတ်ရက်ဖြစ်သော တနဂငေ်္နွနေ့ကို Super Sunday (စူပါ ဆန်းဒေး) အဖြစ် သတ်မှတ်၍ လုပ်ဆောင်ပေးခြင်း ဖြစ်သည် ။
"မန္တလေးမှာက ဆိုင်ကယ်စီးရေက တော်တော်များတယ်။ ဒါပေမယ့် စီးတဲ့သူတော်တော်များများမှာ ယဉ်မောင်း လိုင်စင်မရှိဘူး။ အဲဒါကြောင့် လစဉ်တတိယအပတ်မှာ လိုင်စင်လုပ်ပေးမယ် " ဟုကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (မန္တလေးတိုင်း) ညွှန်ကြားရေးမှုး ဒေါ်ခင်စပယ် က ပြောသည်။
စူပါ ဆန်းဒေး အဖြစ် သတ်မှတ်၍ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးရာတွင် လက်တွေ့ ဖြေဆို၍ အောင်မြင်သူများအား နေ့ချင်းပြီး (One Stop Service) အစီအစဉ် ဖြင့် ဆိုင်ကယ် ယာဉ်မောင်းလိုင်စင်ကို ချက်ချင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည် ။
မန္တလေးတိုင်းဒေသကြီးတွင် ဆိုင်ကယ် အစီးရေ ၁၈ သိန်းဝန်းကျင်ရှိပြီး ယာဉ်မောင်းလိုင်စင်ရှိသူမှာ ၁၀ သိန်း ကျော်သာရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)မှ သိရသည် ။
သူရိန်လင်း