မန္တလေး    ၃   ဒီဇင်ဘာ

 

ဆေးလိပ်ငွေ့ ကင်းစင်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း အသိပေးဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာ ၃ ရက် နံနက် ၉နာရီက မန္တလးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီး ဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့  ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က အဖွင့်အမှာစကား‌ပြောကြားပြီးဒုတိယ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ယုယုဝေက လုပ်ငန်းများဆောင်ရွက်ရခြင်း အခြေအနေများကို ရှင်းလင်း‌‌ပြောကြားခဲ့ကြောင်း သိရသည်။

 

၂၀၁၄ ခုနှစ်သုတေသနစစ်တမ်းအရ မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးအမျိုးသား ၄၃ ဒသမ ၈ ရာခိုင် နှုန်းနှင့် အမျိုးသမီး ၈ဒသမ၄ရာခိုင်နှုန်းသည် လက်တလော ဆေးလိပ်သောက်သုံး‌နေကြပြီး အမျိုးသား ၃၂ ဒသမ ၁ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄၆ ရာခိုင်နှုန်းသည် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို မိမိတို့အိမ်များတွင် ရှူရှိုက်နေရပြီး အမျိုးသား ၃၁ ဒသမ၈ရာခိုင်နှုန်း အမျိုးသမီး ၂၃ ဒသမ၆ ရာခိုင်နှုန်းသည် တစ်ဆင့်ခံဆေးလိပ်ငွေ့ကို လုပ်ငန်းခွင်များတွင် ရှုရှိုက်နေရကြောင်း အမျိုးသား ၆၂ ဒသမ၂ ရာခိုင်နှုန်း နှင့် အမျိုးသမီး၂၄ ဒသမ၁ သည် ကွမ်းယာနှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများကို တွဲဖက်သုံးစွဲနေကြောင်းနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် သုံးစွဲမှု အများဆုံး ဖြစ်ကြောင်း သိရသည်။

 

၅

 

 ၂၀၁၆ ခုနှစ်တွင်ဆေးလိပ်ဆေးရွက်ကြီးသုံးစွဲမှုကြောင့်မြန်မာနိုင်ငံတွင် ၂ဒသမ၆ ထရီလီယံ ဆုံးရှုံးနေပြီး ထိုပမာဏသည် GDP ၏၃ဒသမ၃ရာခိုင်နှုန်း ရှိကာ အရွယ်မတိုင်မီ ရောဂါဖြစ်ခြင်း သေဆုံးခြင်းများသည် မိသားစုမှစကာ နိုင်ငံအတွက် လူမှုစီးပွားထိခိုက်စေပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားဖြစ်စေကြောင်း သိရသည်။

 

သင်တန်းတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ  ပြည်သူ့ကျန်းမာရေးဦးစီးဌာမှူးများ NCD focal ( သင်ကြားရေးအဖွဲ့ဝင်များ)အပြင် Non-health sector involvement အတွက်ဆက်စပ် ဌာနများမှ ကိုယ်စားလှယ်များ ပါဝင်ကာ ဥပဒေနှင့်ပြဌာန်းချက်များ  M-Power policles နှင့် မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး သင်တန်း တက်ရောက်ပြီးပါက မိမိတို့နေရာတွင်သင်တန်းများပြန်လည်ပို့ချ ဖြန့်ဝေဆောင်ရွက် သွားရမည်ဖြစ်သည်။

 

သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၁၁၀ တက်ရောက်ခဲ့ကြပြီး ပြည်သူလူထုအတွင်း အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝေဖြိုးအောင်