မန်တုံ နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန်တုံမြို့နယ်ဦးစီးဌာနရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦး ရေစာရင်းများကို ယမန်နေ့က မြို့မရပ်ကွက်၊ လီဆူစစ်ရှောင်စခန်း သို့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတေဇာလင်းကြီးကြပ်၍ လဝကမှူး ဦးထင်ကျော်ဦးနှင့် ဝန်ထမ်း(၅)ဦး၊ မြို့မ အုပ်ချုပ်ရေးမှူး ရပ်ကျေးစာရေးတို့နှင့် တာဝန်ရှိသူတို့မှ ရပ်ကွက်တွင်းနေထိုင်ကြသော လူဦးရေ ကျား(၁၁)ဦး၊ မ(၁၄)ဦး စုစုပေါင်း (၂၅)ဦးတို့အား မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ် ပေးခြင်း၊ ပျက်စီး/ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်း၌ မွေးတိုး / သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်း ပြောင်းဝင်၊ ပြောင်းထွက်၊ တိုး/လျော့လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း တို့ကိုကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ပေးခဲ့ပြီးကျန်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာများသို့ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန်တုံ(ပြန်/ဆက်)


