မန်ယူအသင်းအပေါ်တွင် မော်ရင်ညို တာဝန်အရှိဆုံးဖြစ်သောကြောင့် အဆိုပါအကျိုးအပြစ်ကို မော်ရင်ညိုလက်ခံရမည်ဟု ဂျာဂျင်ကလော့ဆို

၂၂  ဒီဇင်ဘာ

လီဗာပူးအသင်း မန်နေဂျာ ဂျာဂျင်ကလော့က မန်ယူအသင်းအပေါ်တွင် မော်ရင်ညိုမှာ တာဝန်အရှိဆုံး ဖြစ်သောကြောင့် အဆိုးအကျိုးအပြစ်များကို မော်ရင်ညို လက်ခံရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

မော်ရင်ညိုသည် မန်ယူအသင်းနှင့်အတူ ပြီးခဲ့သည့် နှစ်ရာသီက ကွန်မြူနတီဒိုင်း၊ လိဂ်ဖလားနှင့် ယူရိုပါလိဂ်ဆုဖလားတို့ကို ရယူနိုင်ခဲ့သော်လည်း ယခုနှစ်ရာသီတွင် ရလဒ်များ ဆိုးရွားနေခဲ့သောကြောင့် အင်္ဂါနေ့က ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။

မော်ရင်ညို၏ ထုတ်ပယ်ခံရခြင်းသတင်းနှင့် ပတ်သက်ပြီး ဂျာဂျင်ကလော့က “မော်ရင်ညိုဟာ မန်ယူအသင်းကို အအောင်မြင်ဆုံးအသင်းအဖြစ် တည်ဆောက်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် အများလက်ခံနိုင်တဲ့ အောင်မြင်မှုမျိုး မရခဲ့ပါဘူး။ ဒီအသင်းရဲ့ကောင်းကျိုး၊ ဆိုးကျိုးတွေဟာ သူ့အပေါ်မှာသာ တာဝန်ရှိတာကြောင့် ဒီအကျိုးရလဒ်တွေကို သူလက်ခံရမှာပါ။ ကျွန်တော် အမြဲတမ်းပြောခဲ့သလိုပါပဲ။ အသင်းတစ်သင်းအနေနဲ့ ခင်ဗျားထက် နောက်တစ်ယောက်က ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ထင်ရင်တော့ ပြောင်းလဲမှုတွေ လုပ်သွားမှာပါ။ အခု ထုတ်ပယ်ခံရတာကလည်း အဲဒါကြောင့်လို့ ဆိုရမှာပါ” ဟု ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် မန်ယူအသင်းသည် အမှတ်ပေးဇယား၏ အဆင့် ၄ နေရာတွင် ရှိနေသည့် ချယ်လ်ဆီးအသင်းနှင့် ၁၁ မှတ် အကွာတွင် ရှိနေသည်။

 

ထက်အောင်