၁၇ ဩဂုတ်
ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဆီဗီလာအသင်းသည် မန်ယူအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။
မန်ယူအသင်းသည် ဆီဗီလာအသင်းကို ဖာနန်ဒက်၏ ပယ်နယ်တီ သွင်းဂိုးဖြင့် ဉီးဆောင်ထားနိုင်ခဲ့သော်လည်း ဆာဆိုနှင့် ဒီဂျောင်းတို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ဆီဗီလာအသင်းသည် ယူရိုပါလိဂ်ဖလားကို ငါးကြိမ်အထိ ရရှိထားပြီး အကြိမ်အများဆုံး ရယူထားနိုင်သည့်အသင်းဖြစ်သည်။
ယနေ့ညတွင် ၁ နာရီခွဲတွင် အင်တာမီလန်အသင်းနှင့် ရှက်တာဒိုးနက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အနိုင်ရရှိသည့်အသင်းသည် ဩဂုတ် ၂၂ ရက်တွင် ဆီဗီလာအသင်းနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်သည်။
MDN


